Sunday, January 31, 2016

Dell inspiron 14z 5423 BIOS update fail ဖြစ်ပြီး ဘာမှ ပေါ်မလာတော့တာကို Stick ကနေ BIOS recovery ပြန်လုပ်ခြင်း

Laptop တွေမှာ BIOS update လုပ်တဲ့အခါ Fail ဖြစ်သွားပြီး ဘာမှ တတ်မလာတော့ တာ ဖြစ်ဖူးပါတယ်။
အဲဒီအခါမှာ Laptop က power က နှိုးနေမယ်၊ ဒါပေမယ့် ဘာမှ တတ်လာမှ မဟုတ်ပါဘူး၊ BIOS ထဲလဲ  ၀င်လို့ရမှာ မဟုတ်ပါဘူး၊
ပြီးရင် restart ကျပြီး သူဘာသာ သူ အဲဒီအတိုင်းပဲ ဖြစ်နေမယ်။
ကျွန်တော်ကတော့ DELL inspiron 14z 5423 မှာ ကြုံရတာ။ အဲဒီလို ဖြစ်ပြီးမှာ သူ dell forum မှာ ၀င်ဖတ်တာ အဲဒီလို ကြုံရင် bios လဲ ဒါမှ မဟုတ် motherboard လဲခိုင်းနေတယ်။
တော်တော်စိတ်ညစ်ရပါတယ် . Tutorial လိုက်ဖတ်၊ အဖြေရှာရင်းနဲ့မှ ဒါကို တွေ့ရပါတယ် အခြားလူတွေ ဒုက္ခရောက်ရင် အထောက်အကူဖြစ်ရန်အတွက်ပါ။

stick တစ်ချောင်းလိုပါတယ် ၂၅၆ MB အကောင်းဆုံးပါ.
ပြီးရင် window 32 bit OS တစ်ခုရှိတဲ့ computer တစ်လုံးပေါ့
အဲဒီ Stick ကို FAT Filesystem နဲ့ format ရိုက် ပြီး ခုဖိုင်ကို အဲဒီထဲကို ထည့်လိုက်ပါ.
ပြီးရင် Dell laptop ကို ပါဝါပိတ်ထား။ adaptor ကြိုးကိုဖြုတ်။ ပြီးရင် stick ကို တပ်လိုက်ပါ။
END ကို နှိပ်ထားပြီး adaptor ကြိုးကို ပြန်တပ်လိုက်ပါ၊ stick ကနေ ဖတ်နေတာမြင်ရင် ခဏစောင့်ပြီး end ကို လွတ်လိုက်ပါတော့ ။
အဲဒါဆိုရင် BIOS ပြန်ကောင်းသွားပြီ။

ဒီအပိုင်းတွေကတော့ လွယ်ပါတယ်။
အဲဒီဖိုင်ရလာဖို့ကတော့ ခက်တယ်။
အဲဒါ BIOS update file ကို သူ Website မှာ သွား Down ပါ၊
ပြီးရင် ရလာတဲ့ *.exe ဖိုင်ကို *.rom ရဖို့အတွက် ဒီ command ကို ရိုက်ရပါမယ်။
*.exe /writeromfile

အဲဒါဆိုရင် အဲဒိနေရာမှာ *.rom ဖိုင်ရလာပြီ
မပြီးသေးပါဘူး နာမည်ပြောင်းပေးရအုန်းမယ် အဲဒီလို နာမည်ပြောင်းဖို့က laptop တစ်ခုနဲ့ တစ်ခု မတူနိုင်ပါဘူး
ဥပမာ . dell inspiron 14z 5423 အတွက် BMWZ4A13.rom ဒီနာမည်ပါ
အဲဒီနာမည်ကို ဘယ်လိုပေး၇မလဲ ဆိုတာကို phoenixtool257 နဲ့ သိအောင်လုပ်ရတယ် ခင်ဗျာ.
နာမည် မတူ မရင် မရပါဘူး

အဆင်ပြေပါစေ
linker++

No comments: