- အောင်မြင်သူဆိုတာ အဖြေရဲ့တစ်စိတ်တစ်ပိုင်းအဖြစ် အမြဲရှိနေတယ်။
- ရှုံးနိမ့်သူဆိုတာ ပြဿနာရဲ့တစ်စိတ်တစ်ပိုင်းအဖြစ် အမြဲရှိနေတယ်။
- အောင်မြင်သူဆိုတာ အစီအစဉ်တစ်ခု အမြဲရှိနေတယ်။
- ရှုံးနိမ့်သူဆိုတာ အကြောင်းပြချက်တစ်ခု အမြဲရှိနေတယ်။
- အောင်မြင်သူဆိုတာ “မင်းအတွက် ဒါကို လုပ်ခွင့်ပေးပါနော်”လို့ ပြောတယ်။
- ရှုံးနိမ့်သူဆိုတာ “ဒါဟာ ငါ့အလုပ်မှမဟုတ်တာ”လို့ပြောတယ်။
- အောင်မြင်သူဆိုတာ ပြဿနာတိုင်းအတွက် အဖြေတစ်ခုကို ကြည့်ရူ့တယ်။
- ရှုံးနိမ့်သူဆိုတာ အဖြေတိုင်းအတွက် ပြဿနာတစ်ခုကို ကြည့်ရူ့တယ်။
- အောင်မြင်သူဆိုတာ “ ဒါဟာခက်ခဲပေမဲ့ ဖြစ်နိုင်ခြေရှိတယ်”လို့ ပြောတယ်။
- ရှုံးနိမ့်သူဆိုတာ “ဒါဟာဖြစ်နိုင်ခြေရှိပေမဲ့ ခက်ခဲလွန်းတယ်”လို့ပြောတယ်။
- အောင်မြင်သူဆိုတာ အမှားတစ်ခုပြုလုပ်မိတဲ့အခါ “ကျွန်တော် မှားသွားခဲ့ပါတယ်ဗျာ”လို့ ပြောတယ်။
- ရှုံးနိမ့်သူဆိုတာ အမှားတစ်ခုပြုလုပ်မိတဲ့အခါ “ဒါဟာ ကျွန်တော့်အမှားမှ မဟုတ်တာ”လို့ပြောတယ်။
- အောင်မြင်သူဆိုတာ ကိုယ်တိုင်လက်တွေ့လုပ်ဆောင်တယ်။
- ရှုံးနိမ့်သူဆိုတာ ကတိစကားတွေကိုသာ ပေးတယ်။
- အောင်မြင်သူဆိုတာ စိတ်ကူးအိမ်မက်တွေရှိတယ်။
- ရှုံးနိမ့်သူဆိုတာ အကြံအစည်တွေသာရှိတယ်။
- အောင်မြင်သူဆိုတာ “ငါတော့ တစ်ခုခု ပြုလုပ်နေရမယ်” လို့ ပြောတယ်။
- ရှုံးနိမ့်သူဆိုတာ “တစ်ခုခုကို ပြုလုပ်ပြီးဖြစ်နေရမယ်”လို့ ပြောတယ်။
- အောင်မြင်သူဆိုတာ အသင်းအဖွဲ့ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ရှိနေတယ်။
- ရှုံးနိမ့်သူဆိုတာ အသင်းအဖွဲ့ရဲ့ ဝေးရာမှာ ရှိနေတယ်။
- အောင်မြင်သူဆိုတာ အကျိုးတရားကိုသာ ကြည့်တယ်။
- ရှုံးနိမ့်သူဆိုတာ ဒုက္ခဝေဒနာကိုသာ ကြည့်တယ်။
- အောင်မြင်သူဆိုတာ ဖြစ်နိုင်ခြေတွေကို ကြည့်တယ်။
- ရှုံးနိမ့်သူဆိုတာ ပြဿနာတွေကို ကြည့်တယ်။
- အောင်မြင်သူဆိုတာ နှစ်ဦးနှစ်ဖက်အောင်မြင်မှုကို ယုံကြည်တယ်။
- ရှုံးနိမ့်သူဆိုတာ ကိုယ်အောင်မြင်ဖို့ တစ်ယောက်ယောက် ရှုံးနိမ့်ရမယ်လို့ ယုံကြည်တယ်။
- အောင်မြင်သူဆိုတာ ပစ္စုပ္ပန်ကာလကို ကြည့်တယ်။
- ရှုံးနိမ့်သူဆိုတာ အတိတ်ကာလကို ကြည့်တယ်။
- အောင်မြင်သူဆိုတာ အပူချိန်ညှိကိရိယာနဲ့တူတယ်။
- ရှုံးနိမ့်သူဆိုတာ အပူချိန်တိုင်းကိရိယာနဲ့တူတယ်။
- အောင်မြင်သူဆိုတာ သူပြောရမယ့်စကားကို ရွေးချယ်တယ်။
- ရှုံးနိမ့်သူဆိုတာ သူရွေးချယ်တဲ့ စကားကို ပြောတယ်။
- အောင်မြင်သူဆိုတာ ကြမ်းတမ်းတဲ့ငြင်းခုံမှာ ညင်သာတဲ့စကားတွေပြောတယ်။
- ရှုံးနိမ့်သူဆိုတာ ညင်သာတဲ့ငြင်းခုံမှုမှာ ကြမ်းတမ်းတဲ့စကားတွေပြောတယ်။
- အောင်မြင်သူဆိုတာ တန်ဖိုးကို ခိုင်ခိုင်မြဲမြဲ ဆုပ်ကိုင်ထားပြီး အသေးအဖွဲ့ကိုတော့ အလျှော့ပေး စေ့စပ်ဖြေရှင်းတယ်။
- ရှုံးနိမ့်သူဆိုတာ အသေးအဖွဲ့ကို ခိုင်ခိုင်မြဲမြဲ ဆုပ်ကိုင်ထားပြီး တန်ဖိုးကိုတော့ အလျှော့ပေး စေ့စပ်ဖြေရှင်းတယ်။
- အောင်မြင်သူဆိုတာ “အခြားသူတွေက သင့်အပေါ် မပြုလုပ်စေချင်တဲ့အရာတွေ သင်ကလည်း အခြားသူတွေအပေါ် မပြုလုပ်ပါနဲ့”ဆိုတဲ့ စာနာမှုဒဿနကို လိုက်နာတယ်။
- ရှုံးနိမ့်သူဆိုတာ “အခြားသူတွေက သင့်ကိုမပြုလုပ်မီ သင်ကအရင် ပြုလုပ်လိုက်ပါ”ဆိုတဲ့ ဒဿနကိုပဲ လိုက်နာတယ်။
- အောင်မြင်သူဆိုတာ ဖြစ်မြောက်အောင်လုပ်တယ်။
- ရှုံးနိမ့်သူဆိုတာ ဖြစ်မြောက်အောင် ခွင့်ပြုပေးတယ်။
နေလင်းအောင် ဘာသာပြန်ဆိုသည်။
Ref; Winner vs Loser
www.naylinaung1.blogspot.com
Winner vs Loser
Author: Unknown
- The Winner is always part of the answer;
- The Loser is always part of the problem.
- The Winner always has a program;
- The Loser always has an excuse.
- The Winner says,"Let me do it for you;
- The Loser says;" That is not my job."
- The Winner sees an answer for every problem;
- The Loser sees a problem for every answer.
- The Winner says," It may be difficult but it is possible";
- The Loser says,"It may be possible but it is too difficult."
- When a Winner makes a mistake, he says," I was wrong";
- When a Loser makes a mistake, he says," It wasn't my fault."
- A Winner makes commitments;
- A Loser makes promises.
- Winners have dreams;
- Loser have schemes.
- Winners say," I must do something";
- Losers say,"Something must be done."
- Winners are a part of the team;
- Losers are apart from the team.
- Winners see the gain;
- Losers see the pain.
- Winners see possibilities;
- Losers see problems.
- Winners believe in win/win;
- Losers believe for them to win someone has to lose.
- Winners see the present;
- Losers see the past.
- Winners are like a thermostat;
- Losers are like thermometers.
- Winners choose what they say;
- Losers say what they choose.
- Winners use hard arguments but soft words;
- Losers use soft arguments but hard words.
- Winners stand firm on values but compromise on petty things;
- Losers stand firm on petty things but compromise on values.
- Winners follow the philosophy of empathy: "Don't do to others what you
- would, not want them to do to you";
- Losers follow the philosophy, "Do it to others before they do it to you."
- Winners make it happen;
- Losers let it happen.